နေပြည်တော် နိုဝင်ဘာ ၂၁
နေပြည်တော်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၀ ရက် ည ၇ နာရီခွဲတွင် ပျဉ်မနားမြို့၊ ရွာကောက်ရပ်ကွက်တွင် တောင်ရိုး မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၆၉၂ ပြားကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အေးသာယာ(၁)လမ်းတွင် ငြိမ်းချမ်း မောင်းနှင်ပြီး ဇင်မင်းထိုက်(ခ)မင်းထိုက် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့(၂)ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၈၇၅ ပြား ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံ ကျေးရွာရှိ ပူးပေါင်း စစ်ဆေးရေးဂိတ်၌ EXPRESS အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ကျော်နိုင်ဦး(ခ)ဟူစိန်၏ စိတ်ကြွရူးသွပ်ဆေးပြား ၉,၅၀၀ ကိုလည်းကောင်း။
ထို့ပြင် ယင်းနေ့ နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ကွတ်ခိုင်-တာမိုးညဲ သွားကားလမ်း တွင် ဂမ်ဆိုင်း မောင်းနှင်ပြီး ဂမ်ဒီ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၉ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့ နယ်၊ တာကော်ကျေးရွာအုပ်စု၊ တာကော်ကျေးရွာရှိ တံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လောက်ဆီး မောင်းနှင်ပြီး မောင်ကွာ လိုက်ပါလာသည့် Toyota Alphard အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၂ ဒသမ ၆၆၄ ကီလို သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား