ပဲခူး နိုဝင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လတ်တလောပျော့ခွေ အကြောသေ ရောဂါစောင့်ကြပ် ကြည့်ရှု့ခြင်းလုပ်ငန်း နှင့်ပတ်သက်၍ သတ်မှတ်လျာထားချက်များ ပြည့်မီစေရန်၊ ဓာတ်ခွဲနမူနာများ စနစ်တကျ အချိန်မီရယူပေးပို့စေရန်နှင့် သတင်းပေးပို့မှု စနစ်များ ပိုမိုအားကောင်းလာ စေရန်ရည်ရွယ်၍ လတ်တလောပျော့ခွေအကြောသေရောဂါ စောင့်ကြပ်ကြည့်ရှု့ခြင်းလုပ်ငန်း ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်  ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ၊ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူးများ၊ တိုင်းဒေသကြီးအတွင်းရှိ သမားတော်ကြီးများ၊ ကလေးအထူး ကုဆရာဝန်ကြီးများ၊ ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူးများ၊ မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာ နမှူးများတက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူးက  လတ်တလော ပျော့ခွေအကြော သေရောဂါ စောင့်ကြပ်ကြည့်ရှု့ခြင်းလုပ်ငန်းများ၊ သတင်းပေးပို့ပုံစံများ၊ ဓာတ်ခွဲစစ်ဆေးခြင်း များ၊ ရည်မှန်းဦးရေနှင့်ရှာဖွေနိုင်မှု၊ ပိုလီယိုကာကွယ်ဆေးထိုးနှံနိုင် မှုများကို ဆွေးနွေးညှိနှိုင်း‌ ပြောကြားပြီး  သိလိုသည့်မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်