ဝမ်းတွင်း နိုဝင်ဘာ  ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ဝမ်းတွင်း-ပင်းတလဲလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ယခုအခါ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါလမ်းသည် ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် ဝမ်းတွင်းမြို့နယ်သို့ အဓိကဆက်သွယ်ထားသော လမ်းဖြစ်ပြီး ယာဉ်ဖြတ်သန်းသွားလာမှုများခြင်း၊ ကျေးရွာ(၁၆)ရွာရှိ ပြည်သူများ၏ ဒေသထွက်ကုန်များနှင့် ကူးသန်း‌ရောင်းဝယ်ရန်အတွက် အဓိကအသုံးပြုနေသည့်လမ်း ဖြစ်ခြင်းတို့ကြောင့် ယခုအခါ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်သဖြင့် လမ်းသွားလမ်းလာပြည်သူများ အဆင်ပြေချောမွေ့စွာ အချိန်တိုအတွင်း  မိမိတို့ကျေးရွာအရောက်  အခက်အခဲမရှိ သွားလာနိုင်ပြီး ဖြစ်သည်။

 

အဆိုပါလမ်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအကျယ် ၁၂ ပေ၊ အရှည် ၀/ ၇.၅၇၇ မိုင် ရှိကာ ဝမ်းတွင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဝမ်းတွင်း(ပြန်/ဆက်)