စစ်တွေ   ဒီဇင်ဘာ ၂

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ အိန္ဒိယ ကောင်စစ်ဝန် Mr .Jay Krishna အား လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း အိန္ဒိယနိုင်ငံအကူအညီဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အိန္ဒိယမြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအစီအစဉ်ဖြင့်  ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေးစီမံကိန်း စစ်တွေဆိပ်ခံတံတား တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးနေမှု၊ ဆိပ်ခံတံတား ဖွင့်လှစ် နိုင်ရေးနှင့် လည်ပတ်နိုင်ရေးဆောင်ရွက် နေမှု၊ စစ်တွေ - ကျောက်တော် - ပလက်ဝ ကုလားတန်မြစ်ကြောင်း တူးဖော်ရေးဆောင်ရွက်နေမှု၊ ပလက်ဝမှ ဇူရန်ပူလမ်းကြောင်း ဖောက်လုပ်ပြီးစီးနိုင်ရေး စီစဉ်နေမှုနှင့် ရခိုင်ပြည်နယ်အတွင်း အိန္ဒိယနိုင်ငံအစိုးရ၏အကူအညီဖြင့် ဒေသတွင်း မီးလင်းရေးနှင့်ရေရရှိရေး စသောဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် အစီစဉ်များကို ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)