နေပြည်တော် ဒီဇင်ဘာ ၂

 

အလံတစ်ရာ စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှက်မြတ်နား​တော်၊ ထီး​တော် ပြန်လည် တင်လှူပူ​ဇော်နိုင်​ရေးနှင့် ဘက်စုံမွန်းမံပြင်ဆင်နိုင်​ရေးအတွက် ယ​နေ့နံနက်ပိုင်းက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စေတီ​တော် မြတ်ကြီး၏ ဓမ္မာရုံ​၌ ဆရာ​တော်ကြီးများထံ သာသနာ​ရေးရာကိစ္စရပ်များ ရှင်းလင်း​လျှောက်ထားပြီး သံဃာ​တော်အရှင်သူမြတ်များကို ​နေ့ဆွမ်းဆက်ကပ်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

 

ထို့​နောက် စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှက်မြတ်နား​တော်၊ ထီး​တော်တို့အား ပြန်လည် တင်လှူပူ​ဇော် နိုင်​ရေးအတွက် ပြုပြင်မွန်းမံခြင်းနှင့် အသစ်ပြုလုပ်ခြင်း၊​ အခမ်းအနား ကျင်းပမည့် မင်္ဂလာ မဏ္ဍပ်တော်၊ ဘုရားဖူးပြည်သူများ နား​နေရာ​နေရာနှင့် စတုဒီသာ​ကျွေး​မွေးမည့်​နေရာများ ​ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေတို့ကို ကြည့်ရှုစစ်​ဆေးပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည် များကို လမ်းညွှန်မှာကြားကာ စေတီ​တော်မြတ်ကြီးကို လှည့်လည်ပူ​ဇော်ကြသည်။

 

မွန်ပြည်နယ်တွင် ​သထုံမြို့နယ်၊ အလံတစ်ရာ စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှက်မြတ်နား​တော်၊ ထီး​တော် ပြန်လည်တင်လှူပူ​ဇော်ခြင်းကို လာမည့် ၂၀၂၃ ခုနှစ်၊ တပို့တွဲ လဆန်း (၅) ရက်​နေ့ မှစတင်၍ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီးနှင့် ပေါင်မြို့နယ် သမိုင်းဝင် ကျိုက်ဖျဉ်ကူ ​စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှတ်မြတ်နား​တော်၊ ထီး​တော် ပြန်လည် တင်လှူပူ​ဇော်ခြင်းကို ပြာသိုလပြည့်​နေ့တွင် လည်း​ကောင်း၊ သထုံ​မြို့၊ ရွှေစာရံ​​စေတီ​တော် လုံး​တော်ပြည့်​ ရွှေသင်္ကန်း ကပ်လှူပူ​ဇော်ခြင်းကို တ​ပေါင်းလပြည့်​နေ့တို့တွင်လည်း​ကောင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)