ရန်ကုန်၊ ဒီဇင်ဘာ ၂
အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ်(၁၂၂)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် နိုင်ငံ့၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ စစ်ရေးပြကွင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုကို ဦးဟိန်းထက်ဇော်၊ ဒုတိယမြို့နယ် ဥပဒေအရာရှိ၊ ဥပဒေရေးရာဝန်ကြီးဌာနကိုလည်းကောင်း၊ သင်တန်းသူစံပြဆုကို ဒေါ်မြမြဆွေ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ၊ ဥပဒေရေးရာဝန်ကြီးဌာနကိုလည်းကောင်း ချီးမြှင့်သည်။ ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း အမှာစကား ပြောကြားသည်။
ယင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ပါမောက္ခများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား (၂၁၂)ဦး၊ သင်တန်းသူ(၂၆၈)ဦးစုစုပေါင်း( ၄၈၀ ) တက်ရောက်ခဲ့ ကြသည်။ သင်တန်းကာလမှာ ဩဂုတ် ၈ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ Distance Learning ဖြင့်လည်းကောင်း၊ နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ In-House Learning ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)