နေပြည်တော် ဒီဇင်ဘာ ၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများဖြစ်သည့် ဆင်ဘုတ်ချောင်းဖျား ကျေးရွာ၊ ပန်းတောကြီးကျေးရွာ၊ တောင်စွယ်(ခေါ်) တောင်ကြီးရင်းကျေးရွာနှင့် အဟောင်းတောင်ကျေးရွာ များသို့ အိမ်သုံးဆိုလာ ၆၈ စုံနှင့် ဆိုလာမီးတိုင် ၆၀ တိုင် ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး ကျောင်ဖြူခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစံက လှူဒါန်း ရသည့် အကြောင်းအရင်းနှင့် အိမ်သုံးဆိုလာနှင့် ဆိုလာလမ်းမီးတိုင် အသုံးပြုပုံများကို ရှင်းလင်း ပြောကြားကာ ကျေားရွာများမှ တာဝန်ရှိသူများထံ အိမ်သုံးဆိုလာ ၆၈ စုံနှင့် ဆိုလာမီးတိုင် ၆၀ တိုင် ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)