ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၊ အဖွဲ့ဝင် ဦးဆန်းမြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)တွင် ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၅

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ တာဝန်ခံ အဖွဲ့ဝင် ဦးဆန်းမြင့်သည် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိ သူများနှင့်အတူ တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသော အလယ်အလတ်အဆင့် အရာ ထမ်း စီမံခန့်ခွဲမှု သင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှုအဆင့်မြင့် ဒီပလိုမာသင် တန်းအမှတ်စဉ် (၇)၊ အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်း အမှတ်စဉ် (၁၀)နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ် (၁၀၂) သင်တန်းများ၏ သင်တန််းခန်းမများတွင် သင်တန်းအလိုက် ဆွေးနွေးပို့ချနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ပြီး တက္ကသိုလ်စာရေးပြကွင်းတွင် ကာကွယ်ရေးပညာဌာနမှ စစ်ရေးပြနှင့် လက်နက်ငယ်သင်ခန်းစာများ သင်ကြားလေ့ကျင့်ပေးနေသည့် အခြေအနေများကို ကြည့်ရှု ပြီး  သင်တန်း စားရိပ်သာတွင်အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန် ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ် (၁၀) သင်တန်းသား၊ သင်တန်း သူများနှင့် ရင်းရင်းနှီးနှီး နေ့လယ်စာအတူ သုံးဆောင်သည်။

ထိုနောက် တက္ကသိုလ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော တည် ဆောက်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

သတင်းစဉ်