လေးမျက်နှာမြို့နယ် ကင်းပွန်ချောင်းတံတားအား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်နိုင်ရေး မြေစမ်းသပ်

လေးမျက်နှာ ဒီဇင်ဘာ ၆

 

လေးမျက်နှာမြို့နယ် ကြီးပေါက်ကုန်းကျေးရွာအုပ်စု ကင်းမွန်ချောင်းလူကူးတံတားကို သံကူကွန်ကရစ် နှစ်လမ်းသွားတံတားအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါတံတားသည် ကင်းပွန်ချောင်းကို ဖြတ်ကျော်၍ လေးမျက်နှာ - ပန်းတောကြီး လမ်းမကြီးနှင့် ဆက်သွယ်ပေးထားသော တံတားတစ်ခုဖြစ်ပြီး အရှည်ပေ ၈၀၊ အကျယ်ပေ ၂၀ ရှိ Bored pile အုတ်မြစ် သံကူကွန်ကရစ် အမျိုးအစားဖြစ်၍ ယာဉ်တစ်စီးချင်း ၄၈တန် ခံနိုင်ဝန်ရှိကြောင်း၊ ယခုအခါ၌ Soil test(မြေစမ်းသပ်ခြင်း) လုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ မြေစမ်းသပ်ပြီးပါက တံတား Design ပုံစံရေးဆွဲပြီးနောက် လာမည့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ သန်း  (၃၆၀) ဖြင့် ကျခံဆောင်ရွက်နိုင်ရေး ဒုတိယ ဦးစားပေးအဆင့်ဖြင့် တင်ပြထားပါကြောင်း သိရသည်။ 

 

တံတားကြီးတည်ဆောက်ပြီးစီးသွားပါက အကျိုးပြု ကျေးရွာ(၉)ရွာ၊ အိမ်ခြေ(၁၀၆၄) အိမ် ၊ လူဦးရေ (၅၀၅၇)ဦးခန့်အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)