လွိုင်ကော် ဒီဇင်ဘာ ၇
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် သင်္ချာနှင့် အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ ပြည်နယ်ပညာရေးမှူးရုံး ပညာ့ဗိမာန် ခန်းမဆောင်နှင့် အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်းတို့၌ ကျင်းပခဲ့သည်။
စွမ်းရည်ပြိုင်ပွဲတွင် အခြေခံပညာ ကျောင်းများမှ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မူလတန်းအဆင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူ ၁၅ ဦး၊ အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ပြည်နယ်ပညာရေးမှူးရုံး ပညာ့ဗိမာန် ခန်းမ၌ ကျောင်းသား ကျောင်းသူ ၁၅ ဦး စုစုပေါင်း ၃၀ ဝင်ရောက်ဖြေဆိုကြသည်။
အဆိုပါပြိုင်ပွဲကို ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးဖိုးလုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်ဝင်းနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ပြီး နံနက်ပိုင်းတွင် ရေးဖြေနှင့် မွန်းလွဲပိုင်းတွင် လူတွေ့နှုတ်ဖြေ စစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)