ဟနွိုင်း ဒီဇင်ဘာ ၉
ဗီယက်နမ်နိုင်ငံ၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူပေါင်း ၃၂၅၆၀၄ ဦး ရှိပြီး အဆိုပါရောဂါကြောင့် ၁၂၂ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
နိုင်ငံအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူအရေအတွက်သည် ယမန်နှစ်အလားတူကာလကထက် ငါးဆခန့်မြင့်တက်လာကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံ၌ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ခြင်မှတစ်ဆင့်ကူးစက်သည့် ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ပွားသူ ၂၆၉ ဦး တွေ့ရှိရပြီး ၎င်းတို့အနက် ငါးဦး သေဆုံးခဲ့သည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - စိုးသူရ