ဒမတ်စကန် ဒီဇင်ဘာ ၁၂
ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တွင် အပူချိန်ထိုးကျလာပြီး ပြင်းထန်သည် ဆောင်းရာသီနှင့် ကြုံတွေ့နေရသည်။ ဆီးရီးယားမြို့တော်ရှိ ပြည်သူများမှာ စက်သုံးဆီပြတ်လပ်မှုနှင့် အခြားသောလိုအပ်ချက်များနှင့်ပါ ရင်ဆိုင်ကြုံတွေ့နေရသည်။ အမေရိကန်ဦးဆောင်သည့် စီးပွား ရေး ပိတ်ဆို့မှုများနှင့်သောင်းကျန်းသူများ ထိန်းချုပ်ထားရာဒေသရှိ ရေနံနှင့် ဓာတ်ငွေ့တွင်းများသို့ ဝင်ရောက်ခွင့် မရခြင်းတို့ကြောင့် စက်သုံးဆီပြတ်လပ်မှုမှာ ဒေသခံများအတွက် မထူးဆန်းတော့သော်လည်း ပြီးခဲ့သည့်နှစ်ပတ်မှ စတင်ကာ အအေးဒဏ်လွန်ကဲလာသည့်အတွက် စက်သုံးဆီပြတ်လပ်မှုကို ပိုမိုဆိုးရွားစေခဲ့သည်။
ဆီးရီးယားနိုင်ငံရှိ အဓိကမြို့ကြီးများတွင် စက်သုံးဆီရောင်းချသည့် နေရာများ၌ စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်။ ထို့ကြောင့် ကားအသုံး ပြုမှုများကို လျှော့ချနေရပြီး မှောင်ခိုဈေးကွက်မှ ဝယ်ယူမှုများကိုပါ ပြုလုပ်လာကြသည်။ လွန်ခဲ့သည့် ၁၁နှစ် ဆီးရီးယားစစ်ပွဲ စတင်ခဲ့သည့်အချိန်မှစတင်ကာ ပထမဆုံးအကြိမ်အဖြစ် စက်သုံးဆီ ချွေတာရန်အတွက် မြို့တွင်းအားကစားပွဲ အားလုံးကို ဆိုင်းငံ့ခဲ့သည်။
လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီအကျပ်အတည်းမှာ အမေရိကန်၏ ပိတ်ဆို့မှုများကြောင့်ဖြစ်သည်ဟု ဆီးရီးယားအစိုးရက အပြစ်တင်ခဲ့သည်။
ဆင်ဟွာ