ဝါရှင်တန် ဒီဇင်ဘာ ၁၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့၏ ဆက်ဆံရေးကို ပြုပြင်ရန် လွန်ခဲ့သည့်လက ကတိကဝတ် ပြုခဲ့ပြီးနောက် အမေရိကန်အစိုးရသည် ၎င်း၏ပထမဆုံးသောအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့သည်။
အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ်ခရစ်တန်ဘရင့်ခ်သည် တရုတ်နှင့် တရုတ်(တိုင်ပေ)ဆိုင်ရာ လုံခြုံရေးကောင်စီအကြီးတန်း ညွှန်ကြားရေးမှူး လော်ရာရို ဆင်ဘာဂါနှင့်အတူ ဒီဇင်ဘာ ၁၁ ရက်မှ ၁၄ ရက်အထိ ခရီးစဉ်သွားရောက်မည်ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သို့ သွားရောက်မည်ဖြစ်သည်။
ခရစ်တန်ဘရင့်ခ်သည် ပြီးခဲ့သည့်လက ဘာလီတွင် သမ္မတရှီကျင့်ဖျင်နှင့် သမ္မတဂျိုးဘိုင်ဒင်တို့ တွေ့ဆုံမှုအပြီး ဆွေးနွေးမှုရလဒ်များကို ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် “နှစ်နိုင်ငံအကြား ပြိုင်ဆိုင်မှုကို ဆက်လက်စီမံခန့်ခွဲရန်နှင့် အလား အလာရှိသော ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကိုရှာဖွေရန်” ကတိပြုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
ယခုခရီးစဉ်သည် လေးနှစ်အတွင်း အမေရိကန် ထိပ်တန်းသံတမန်တစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်ပြီး ၂၀၂၃ ခုနှစ် အစောပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၏ တရုတ်နိုင်ငံသို့ လာရောက်မည့် ခရီးစဉ်အတွက်လည်း ပြင်ဆင်ထားကြောင်း ၎င်းကပြောကြားသည်။
အေအက်ဖ်ပီ