ဟီရိုရှီးမား ဒီဇင်ဘာ ၁၂
နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးမှုများနှင့်ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါဖွင့်လှစ်ခဲ့သည့် နိုင်ငံတကာဖိုရမ်ကို အဏုမြူ ဗုံးကြဲချခံရသည့် ဟီရိုရှီးမားမြို့၌ နှစ်ရက်ကြာ ကျင်းပကြောင်း သိရသည်။
နျူကလီးယားလက်နက်ကင်းစင်သော ကမ္ဘာကြီးဆိုင်ရာ နိုင်ငံတကာအထင်ကရပုဂ္ဂိုလ်များ၏ ပထမဆုံးအစည်းအဝေးကို နျူကလီးယားလက်နက်ပိုင်ဆိုင်သော အင်အားကြီးနိုင်ငံများနှင့် နျူကလီးယားလက်နက် မပိုင်ဆိုင်သောနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၁ ရက်တွင် ငြိမ်းချမ်းရေးအထိမ်းအမှတ် ပြတိုက်သို့ လည်ပတ်ကြကြောင်း သိရသည်။
ဝန်ကြီးချုပ် ကီရှီဒါသည် အစည်းအဝေးပိတ်ပွဲကို တက်ရောက်ခဲ့ပြီး နျူကလီးယားလက်နက်ကင်းစင်သော ကမ္ဘာကြီးတစ်ခုဖော်ဆောင်နိုင်ရေး ကြိုးပမ်းအားထုတ်လုပ်ဆောင်ကြရန် ပူးပေါင်းပါဝင်သူများကို တောင်းဆိုလိုက်သည်။
ထို့အပြင် လာမည့်နှစ် ဟီရိုရှီးမား၌ ပြုလုပ်မည့် ဂျီ-၇ ထိပ်သီးအစည်းအဝေးတွင် နျူကလီးယား လက်နက်ကင်းစင်သော ကမ္ဘာကြီးတစ်ခုဆီသို့ ခိုင်မာသော သတင်းအချက်အလက်ပေးပို့ရန် ဆွေးနွေးမှုများကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန် ဂျပန်နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း ၎င်းကဆက်ပြောသည်။
အင်န်အိတ်ချ်ကေ