ကိုလံဘို ဒီဇင်ဘာ ၁၃
ဆိုင်ကလုန်းမုန်တိုင်း မန်းဒပ်စ်တိုက်ခတ်ပြီး ဆိုးရွားသည့် ရာသီဥတုကြောင့် သုံးဦး သေဆုံးကာ လူပေါင်း ၂၁၀၀၀ ကျော် ထိခိုက်ခံစားခဲ့ရကြောင်း သီရိလင်္ကာနိုင်ငံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု စင်တာ (ဒီအမ်စီ)က ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။
အဆိုပါ မုန်တိုင်းကြောင့် ခရိုင် ၁၆ ခုမှ မိသားစု ၆၁၁၃ ဦး ရေဘေးသင့်ခဲ့ပြီး ၁၉ ဦးဒဏ်ရာရရှိကြောင်း၊ ထို့ပြင်နိုင်ငံ၏ ဒေသအများအပြားရှိ အိုးအိမ် ၅၆၃၉ လုံး ပျက်စီးခဲ့ရကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစင်တာက ပြောကြားသည်။ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏကို ဆုံးဖြတ်ပြီး ထိခိုက်နစ်နာသူများကို လျော်ကြေးပေးမည်ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစင်တာမှ ဒုတိယညွှန်ကြားရေးမှူး ပရာဒိခိုဒစ်ပီလီက ပြောကြားသည်။ မန်းဒပ်စ်ဝင်ရောက်မှုအရှိန် သိသိသာသာ လျော့နည်းသွားသော်လည်း ကြိုတင်ကာကွယ်မှု များ လုပ်ဆောင်ရန် သီရိလင်္ကာနိုင်ငံသားများအား တောင်းဆိုထားကြောင်း ဒီအမ်စီက ပြောကြားသည်။
ဆင်ဟွာ