ကင်ရှာဆာ   ဒီဇင်ဘာ  ၁

 

ကွန်ဂိုနိုင်ငံ၏မြို့တော် ကင်ရှာဆာ၌ ဒီဇင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုမှတစ်ဆင့် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး ၁၄၁ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်များအရ သိရသည်။

 

ကင်ရှာဆာပြည်နယ် ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ မိုးသည်းထန်စွာရွာသွန်းမှုမှတစ်ဆင့် ရေကြီးမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူနေအိမ် ၃၈၇၈၇ လုံး ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ရေကြီးမှုနှင့် မြေပြိုမှု များကြောင့် ကင်ရှာဆာမြို့နှင့် မာတာဒီဆိပ်ကမ်းမြို့တို့အကြား ဆက်သွယ်ထားသည့် N1 အမည်ရှိ  အဝေးပြေး လမ်းမသည်လည်း ပျက်စီးသွားခဲ့ကြောင်း ကင်ရှာဆာမြို့ အာဏာပိုင်များက ပြောကြားသည်။

 

၂၀၁၉ ခုနှစ်အတွင်းကလည်း မြို့တော် ကင်ရှာဆာ၌ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ပြည်သူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်