ဘန်ကောက်   ဒီဇင်ဘာ   ၁

 

ကာတာနိုင်ငံ၌    ကျင်းပလျက်ရှိသော ကမ္ဘာဖလားဘောလုံးပွဲကို ဘောလုံးချစ်ပရိသတ်များ  အာရုံစိုက်နေစဉ် ထိုင်းနိုင်ငံရှိ ရဲတပ်ဖွဲ့ ဝင်များသည် နိုင်ငံတကာ ဘောလုံးပွဲများကို  လောင်းကစား ပြုလုပ်နေသည့် ထိုင်းနိုင်ငံ၏အကြီးဆုံး လောင်းကစားဂိုဏ်းကြီးကို ဖြိုခွင်းလိုက်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က  နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြလိုက်သည်။

 

ထိုင်းနိုင်ငံရှိ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၃ ရက်က ဘန်ကောက်နှင့် ချင်းရိုင်မြောက်ပိုင်း ပြည်နယ်များရှိနေရာ ၁၃ ခုကို ဝင်ရောက်စီးနင်းခဲ့ရာ တရားမဝင် လောင်းကစားနှင့် ငွေကြေးခဝါ ချမှုတို့နှင့် သက်ဆိုင်သော ဝက်ဘ်ဆိုက်အော်ပရေတာ အပါအဝင် လောင်းကစားပြုလုပ်သူ ငါးဦးကို ဖမ်းဆီးရမိခဲ့သည်။

 

ငါးနှစ်တာ လောင်းကစား ပြုလုပ်သည့် ကာလအတွင်း အမေရိကန်ဒေါ်လာ ၈၅ သန်း ကျော်တန်ဖိုးရှိသော ငွေပေးချေမှုများပြုလုပ်ခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့ဝင်များက ပြောသည်။

 

အဆိုပါလောင်းကစားအဖွဲ့သည် တာဝန်ရှိရဲများ၏သံသယမှ လွတ်ကင်းရန် ၎င်းတို့၏ အမြတ်ငွေများကို    ဇိမ်ခံနာရီများ၊ တန်ဖိုးကြီး လက်ကိုင်အိတ်များနှင့်   ဇိမ်ခံကားများတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။

 

ထိုင်းထီနှင့်  မြင်းပြိုင်ပွဲများမှ လွဲ၍  လောင်းကစားများ တရားမဝင်တည်ရှိနေသော ထိုင်းနိုင်ငံတွင်   ကမ္ဘာ့ဖလား လောင်းကစားသည် ကာလရှည်ကြာစွာ တည်ရှိနေသည့်  စိုးရိမ်ဖွယ်ကောင်းသော လောင်းကစားတစ်ခုဖြစ်သည်။

အင်န်အိတ်ချ်ကေ