နေပြည်တော်၊ ဒီဇင်ဘာ ၁၅

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ၁ နာရီခွဲတွင် ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်၊ အောင်မြေသာ (၂) လမ်းရှိ ထက်ကောင်း (ခ) ကိုထက်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၃,၇၂၉ ပြား ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ၁ နာရီတွင် ကွတ်ခိုင်မြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ကျူးကွယ်ရုံ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၀,၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၃နာရီတွင် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ မူဆယ်-မန္တလေး သွားကားလမ်းတွင် မင်းမင်းနောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၉,၈၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အလားတူ ဒီဇင်ဘာ ၁၃ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေး ရွာအုပ်စု၊ မယ်ယန်း ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် စိုင်းနွံကျောက် မောင်းနှင်ပြီး အိုက်ယုန်လိုက်ပါလာသည့် CROWN မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်း ဆေးဝါး Ecstasy ဆေးပြား ၅,၀၂၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၉နာရီ မိနစ်၂၀တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ စိုင်းဆိုင်ဖွဲ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ငွေကျပ် ၁,၂၆၇ ဒသမ ၀၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုည ဒသမ ၁၂၀၅ ကီလို ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား