နေပြည်တော် ဒီဇင်ဘာ ၁၅
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဗန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဆန်ဂျေးမာသာ ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံးနှင့် မြန်မာနိုင်ငံအကြား လက်ရှိဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်