ဂျိုဟန်နက်စ်ဘာ့ဂ်  ဒီဇင်ဘာ   ၁၉

 

တောင်အာဖရိနိုင်ငံ၏ အကြီးဆုံးမြို့တော် ဂျိုဟန်နက်စ်ဘာ့ဂ်၌ ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၁၆ ဦး သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောသည်။

 

ဂျိုဘာ့ဂျ် အရေးပေါ်ဆေးဝန်ဆောင်မှုအဖွဲ့က ၂၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ရဲများနှင့်ကယ်ဆယ်ရေး သမားများက  ၁၄၈ ဦး ကယ်တင်နိုင်ခဲ့သည်ဟု ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တော်ဝန် မက်ဟိုဖလက်ဆီ က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နေအိမ်များ၊  တိရစ္ဆာန်များနှင့် ပန်းမန်သစ်ပင်များ၊ မရှိမဖြစ် လိုအပ်သည့် အခြေခံအဆောက်အအုံများ၊ လမ်းများ၊ မီးပွိုင့်များ၊ ဓာတ်အားပေးရုံများနှင့် ပိုက်လိုင်းများ ပျက်စီးခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

ဆင်ဟွာ