ကိုလံဘို   ဒီဇင်ဘာ  ၁၉

 

သီရိလင်္ကာနိုင်ငံသား သုံးသိန်းကျော်သည် ယခုနှစ်တွင် လက်ရှိအချိန်ထိ နိုင်ငံရပ်ခြား၌ အလုပ်လုပ်ကိုင်ရန် အတွက်  နိုင်ငံမှထွက်ခွာသွားပြီဖြစ်ကြောင်း  ဝန်ကြီးတစ်ဦးက ပြောသည်။

 

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့ အထိမ်းအမှတ်အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် နိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းတစ်လျှောက် သီရိလင်္ကာနိုင်ငံသားများ ထိုကဲ့သို့ပြည်ပထွက်  အလုပ်လုပ်ကိုင်သူ အရေအတွက်မှာ အများဆုံးပမာဏဖြစ်ကြောင်း သီရိလင်္ကာ အလုပ်သမားနှင့် နိုင်ငံခြား အလုပ်အကိုင်  ဝန်ကြီး မာနူရှာ နာနေယာကာရာက ပြောသည်။

 

၎င်းတို့ပေးပို့သော လွှဲငွေများသည် သီရိလင်္ကာနိုင်ငံ၌ လက်ရှိကြုံတွေ့နေသော စီးပွားရေး ကျပ်တည်းမှုကို    ဖြေရှင်းကျော်လွှားနိုင်ရန် ကူညီရာရောက်ကြောင်း အဆိုပါဝန်ကြီးက ပြောသည်။ ထို့အပြင် ယခုနှစ်နိုဝင်ဘာ လတွင် ပြည်ပရောက်သီရိလင်္ကာ နိုင်ငံသား အလုပ်သမားများက ပေးပို့သော လွှဲငွေသည် အမေရိကန်ဒေါ်လာ   ၃၈၄  ဒသမ  ၄ သန်းရှိကြောင်း  ၎င်းကဆက်ပြောသည်။ 

 

ထိုကဲ့သို့ လွှဲငွေသည် လွန်ခဲ့ သည့် လအနည်းငယ်အတွင်း တဖြည်းဖြည်း မြင့်တက်လာပြီး ယခုနှစ်  ပထမ  ၁၁  လအတွင်း စုစုပေါင်းလွှဲငွေသည်    ၃  ဒသမ ၃    ဘီလီယံကျော်အထိ   ရှိလာကြောင်း မာနူရှာ နာနေယာကာရာ က ပြောသည်။         

ဆင်ဟွာ