နေပြည်တော် ဒီဇင်ဘာ ၂၅   

နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း မြို့နယ်အသီးသီး ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးတော်မူကြသော သံဃာတော်များနျင့် သီလရှင်ဆရာကြီးများ ဆွမ်းအခက်အခဲ အဆင်ပြေ စေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းပေးလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စွာဝင်းနှင့် ဝန်ထမ်းမိသားစုများက လားရှိုးမြို့နယ်၊ နတ်ရေကန် ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသောဘိတ (မဟာသဒ္ဓမ္မဇောတိကဓဇ)နှင့် သာသနာ့အလင်းရောင် သီလရှင်စာသင်တိုက်၊ ‌ဒေါ်ဥတ္တရထေရီထံသို့ ဆန်၊ ဆီ၊ ပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်