ရန်ကုန် ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက် ၇ နာရီတွင် လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊ ပါရမီလမ်းသို့ သွားရောက်၍ ပြည်လမ်းနှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) အဝင်လမ်းအကြား ကွန်ကရိလမ်း တိုးချဲ့ခင်းကျင်းပြီးစီးမှု၊ Culvert တည်ဆောက်နေမှု၊ ပါရမီလမ်းနှင့် ပြည်လမ်းထောင့် မီးပွိုင့်အနီး လမ်းသားတိုးချဲ့ခင်းကျင်းရန် မြေနေရာ ရှင်းလင်း နေမှု၊ အင်းလျားလေး ကန်စပ်အကြား လူသွားစင်္ကြံစက်ဘီးလမ်း ပြုလုပ်ရန် မြေသားပြု ပြင်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ်ချိန် ကာလအတွင်း ပြီးစီး အောင်ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံရှေ့တွင် အုတ်ရေမြောင်း တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး အုတ်ရေမြောင်းနှင့် ကားလမ်းအကြား မြေယာရှုခင်းပြုပြင်ရန် မှာကြားသည်။ 

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အကြား တော်ဝင်လမ်းနှင့် မင်းဓမ္မလမ်းဆုံသို့ သွားရောက်၍ တော်ဝင်လမ်းဖြတ်၊ အောင်သိဒ္ဓိချောင်းကူး တံတားတည်ဆောက်နေမှု၊ မရမ်းကုန်းမြို့နယ်ဘက်အခြမ်း ပြည်လမ်းမှ မင်းဓမ္မလမ်းဆုံထိ အုတ်စီရေမြောင်း ပြုလုပ်နေမှု၊ တော်ဝင်လမ်းမှ အောင်သိဒ္ဓိလမ်းအထိ အောင်သိဒ္ဓိချောင်း ချောင်းမြေထိန်းနံရံ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ချောင်းမြေထိန်းနံရံနှင့် မင်းဓမ္မလမ်းအကြား မြေညှိ၍ မြေယာရှုခင်းဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ရပ်ကွက်၊ သီရိလမ်း၊ မီးရထားဆေးရုံရှေ့ ပေါက်တောချောင်းဖြတ်တံတား တိုးချဲ့တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သီရိလမ်းတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန်၊ ကျုးကျော်ခင်းကျင်းထားမှုများ ဖယ်ရှားရှင်းလင်းရန်နှင့် သတ်မှတ်ချိန်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်