ဆိုးလ်   ဒီဇင်ဘာ   ၂၇

 

တောင်ကိုရီးယား လေတပ်မှ လေယာဉ် တစ်စင်းသည် နိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသတွင် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး လေယာဉ်မှူး နှစ်ဦးမှာ လေယာဉ်မှ အန္တရာယ်ကင်းစွာ ခုန်ထွက်နိုင်ခဲ့ကြောင်း ယွန်ဟက်   သတင်းအေဂျင်စီက  ဒီဇင်ဘာ ၂၆ ရက်တွင် ပြောသည်။

 

KA - 1 အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ဟု  ယူဆရသည့် အဆိုပါ  လေယာဉ်သည်  ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် မြို့တော်ဆိုးလ်၏ အရှေ့ဘက် ၁၄၀ ကီလိုမီတာ ခန့်အကွာ      ဟွမ်ဆောင်း ဒေသ၌ ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ လေယာဉ်ပျက်ကျ ပြီးနောက်    အန္တရာယ် ကင်းစွာ ခုန်ထွက်နိုင်ခဲ့သည့် လေယာဉ်မှူး နှစ်ဦးကို အနီးအနားရှိ  ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း  သိရသည်။

 

ယင်းလေယာဉ်သည် လယ်ကွင်းတစ်ခုထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှု မရှိကြောင်းနှင့် လေယာဉ်ပျက်ကျရခြင်း၏ အကြောင်းရင်းကို တိတိကျကျ သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း စစ်ဘက်အာဏာပိုင်များက ပြောသည်။ 

                                                                     

ဆင်ဟွာ