ကျိုက်မရော ဒီဇင်ဘာ ၂၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတတန်းအဆင့် ရှေးဦး သူနာပြုစုခြင်း မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက သင်တန်းဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးက ရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းက ရှေးဦးသူနာပြုစုခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ဆရာ၊ ဆရာမများသည် ကျောင်းကျန်းမာရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အဓိကကျသူများဖြစ်သဖြင့် ရှေးဦးသူနာပြုစုခြင်းသင်တန်းကို ယခုလိုသင်ကြားပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှာ ကျောင်းအုပ် ဆရာ၊ ဆရာမများ၊ ကျောင်းကျန်းမာရေးတာဝန်ခံများ၊ မြို့နယ်အဆင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း(၁၆၀) တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၂၈ ရက်နေ့မှ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)