အမရပူရ ဒီဇင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင်ယနေ့နံနက်ပိုင်းက မြေငလျင်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှက မိမိတို့အမရပူရမြို့နယ်၌ ယခုလအတွင်း မြေငလျင်များ မကြာခဏ လှုပ်နေသောကြောင့် မြေငလျင်အကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် လိုက်နာရမည့် အချက်၊ ရှောင်ကျဉ်ရမည့်အချက် တို့ကိုကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများက မြေငလျင်အကြောင်း ပြသထားသည့် နံရံကပ်စာစောင်များကို ကြည့်ရှုကြပြီး ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)