မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထိန်ကုလားကျေးရွာအုပ်စု ထိန်ကုလားကျေးရွာတွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများအား ယနေ့ နံနက် ၉ နာရီတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်၊ တာဝန်ခံအင်ဂျင်နီယာ ဦးခန့်ဇင်တို့က ထိန်ကုလားကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးမှ ထိန်ကုလားကျေးရွာ လမ်းကော်မတီဝင်များအား လမ်းရေရှည်အသုံးပြုနိုင်ရေးနှင့် ပြုပြင်ထိန်းသိမ်းရမည့် နည်းလမ်းများအား အကြံပြုပြောကြားခဲ့သည်။
ထိန်ကုလားကျေးရွာ ကွန်ကရစ်လမ်းခင်ခြင်းလုပ်ငန်းသည် အရှည်ပေ ၂၄၅၀၊ အကျယ် ၁၀ ပေ၊ ထု ၇ လက်မဖြစ်ပြီး နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် (၆၉၆)သိန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ထိန်ကုလားကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်သဖြင့် ထိန်ကုလားကျေးရွာ၊ ဘီလူးကျွန်းကျေးရွာ၊ ရွှေလင်ပန်းကျေးရွာ၊ ဟဿင်္တစုကျေးရွာ၊ သူဇာဝကျေးရွာနှင့် ကသစ်တန်းကျေးရွာ (၆)ရွာတို့မှ ဒေသခံပြည်သူများသည် အဆိုပါလမ်းမှ ကျိုက်လတ် - ကျိုက်ပိ - မော်လမြိုင်ကျွန်း အဝေးပြေးလမ်းသို့ ရာသီမရွေး တိုက်ရိုတ်ဆက်သွယ် သွားလာနိုင်သည့်အတွက် ဒေသခံပြည်သူများ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေများ ဖွံ့ဖြိုးတိုးလာမည်ဖြစ်ကြောင်း သိရသည်။
တေဇာလင်း