ကျောက်ပန်းတောင်း၊ ဇန်နဝါရီ ၁
    
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မွေးစမှ အသက်(၁) အောက်ကလေးငယ် များ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်း လုပ်ငန်းများကို၊ ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံ တွင် ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။
    
 အဆိုပါ ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို  ပုံမှန်အားဖြင့် မွေးစမှ  အသက်(၁)နှစ်အောက် ကလေးငယ်များအတွက် ထိုးနှံပေးခြင်းဖြစ်သော်လည်း၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံခြင်း မရှိ သော (၂) အောက်ကလေးငယ် များကိုပါ လိုအပ်သည့် ကာကွယ်ဆေးများကို တိုက်ကျွေး/ထိုးနှံပေးကြောင်း မြို့နယ်ပြည်သူ့ ဆေးရုံ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ 

ယခုထိုးနှံပေးသည့် ကာကွယ်ဆေးများမှာ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေး ငယ်များအတွက် သတ်မှတ်ကာကွယ်ဆေးများဖြစ်သည့် ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်ဝမ်း ပျက်ဝမ်းလျော(ရိုတာ)၊ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)နှင့်ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်း ရောင် အသားဝါ(ဘီ)-ဦးဏှောက် အမြှေးရောင် အစရှိသည့် (၅)မျိုးစပ်ကာကွယ်ဆေးဖြစ်သည့် ထိုးဆေး/သောက်ဆေး(အစက် ချ)တို့ဖြစ်ကြောင်းသိရသည်။ 

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို လစဉ် လဆန်း ရက်များဖြစ်သည် လဆန်း(၁) ရက်နှင့်(၂)ရက်နေ့များတွင်လည်းကောင်း၊ လလယ်ရက်များဖြစ်သည့် (၁၅)ရက်၊ (၁၆)ရက် နေ့များတွင်လည်းကောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ဆေးရုံဝန်း အတွင်း ဆေးထိုးစုရပ်များခွဲ၍ ထိုးနှံပေးနေခြင်းဖြစ်ကြောင်း သိရ သည်။

(မြို့နယ်ပြန်/ဆက်)