ပေကျင်း ဇန်နဝါရီ ၂
တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း 5G မိုဘိုင်းဖုန်းအလုံးရေ ၁၉ ဒသမ ၅၂ သန်းနီးပါး တင်ပို့နိုင်ခဲ့ကြောင်းနှင့် အဆိုပါအရေအတွက်သည် တရုတ်နိုင်ငံ၏ မိုဘိုင်းဖုန်းတင်ပို့မှ စုစုပေါင်း၏ ၈၀ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း တရုတ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ အကယ်ဒမီ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ကာလအတွင်း တရုတ်နိုင်ငံသည် 5G မိုဘိုင်းဖုန်းအမျိုးအစားမော်ဒယ်အသစ် ၂၀ အထိ ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် ယမန်နှစ်အလားတူ ကာလကထက် ၂၅ ရာခိုင်နှုန်းတိုးတက်ထုတ်လုပ်နိုင် ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အကယ်ဒမီ လက်အောက် ရှိ CAICT သုတေသနအင်စတီကျုက ပြောကြားသည်။
တရုတ်နိုင်ငံသည် အသစ်ထွက်ရှိသော ပြည်တွင်းကုန်အမှတ်တံဆိပ်ပါ . မိုဘိုင်းဖုန်းမော်ဒယ် အသစ်ကို တစ်နှစ်ထက်တစ်နှစ် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်ကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ် ပထမ ၁၀ လ အတွင်း 5G မိုဘိုင်းဖုန်းအလုံးရေ စုစုပေါင်း ၁၇၃ သန်းအထိ တင်ပို့နိုင်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၇ ဒသမ ၇ ရာခိုင်နှုန်းအထိ တင်ပို့မှုလျော့ကျခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ၊
ဘာသာပြန်-အလင်းသစ်