မဘိမ်း ဇန်နဝါရီ  ၂         

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာမူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်နံနက်ပိုင်းက မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ မြသီတာခန်းမ၌  ပြုလုပ်ခဲ့သည်။

 

ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးအခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

မျိုးမင်း (ပြန်/ဆက်)