တိုကျို ဇန်နဝါရီ ၃
ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း၌ ဇန်နဝါရီ ၁ ရက်က ဖြစ်ပွားခဲ့သော မြေပြိုကျသည့်နေရာတွင် ထိခိုက်ဒဏ်ရာ ရရှိသူနှစ်ဦးကို ကယ်ဆယ်ရေး သမားများက တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါနှစ်ဦးမှာသေဆုံးကြောင်း ရာမာဂါတာခရိုင် စုရူအိုခမြို့ရှိ တာဝန်ရှိသူများက ဇန်နဝါရီ ၂ ရက်တွင် အတည်ပြုပြောကြားသည်။ ၎င်းတို့နှစ်ဦးမှာ ပျောက်ဆုံးနေကြောင်း တိုင်ကြားထားသည့် အသက် ၈၀ အရွယ်အမျိုးသားတစ်ဦးနှင့် အသက် ၇၀ အရွယ်အမျိုးသမီး တစ်ဦးတို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။ မီတာ ၃၀ အမြင့်မှ မြေပြိုကျမှုဖြစ်ပွားခြင်းဖြစ်ပြီး အကျယ်အဝန်းမှာ မီတာ ၁၀၀ ခန့် ရှိကြောင်းနှင့် အဆောက်အဦ ၁၀ လုံးခန့် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့၊ မီးသတ်ဌာနနှင့် မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တို့ မှ လူပေါင်း ၂၀၀ ခန့်ရှိ အဖွဲ့သည် နေ့ရောညပါ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ