ဇန်နဝါရီ ၆
ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့်နွေရာသီရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီးနောက် အချို့သောဒေသများတွင် ရေများပြန်ကျခြင်းမရှိသဖြင့် လူပေါင်း ရှစ်သန်းခန့် အိုးအိမ်စွန့်ခွာနေရကြောင်း ဂျီနီဗာရှိ ကုလသမဂ္ဂဆိုင်ရာ နိုင်ငံ၏အမြဲတမ်းကိုယ်စားလှယ်က ယမန်နေ့ကပြောကြားခဲ့သည်။
အဆိုပါရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးရေးနှင့် လူနေမှုဘ၀များ ထိခိုက်နစ်နာမှုများရှိပြီး နေအိမ်များ အရေးတကြီးလိုအပ်လျက်ရှိသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားသည်။
နိုင်ငံတစ်ဝန်းတွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၇၀၀ ကျော် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ထိုရေကြီးရေလျှံမှုကြောင့် နေအိမ် နှစ်သန်းထက်မနည်းပျက်စီးခဲ့ပြီး အရှည် ကီလိုမီတာ ၁၃၀၀၀ နီးပါးရှိ လမ်းမ၊ ကီလိုမီတာ ၃၀၀၀ရှိ ရထားလမ်း၊ တံတားအစင်းရေ ၄၃၉ စင်းနှင့် စိုက်ပျိုးမြေ ဧက ၄ ဒသမ ၄ သန်းတို့ ထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။
ဒေသအတော်များများတွင် ရေများပြန်ကျခြင်းမရှိသဖြင့် လူအများအပြားသည် ၎င်းတို့၏လူနေမှုဘ၀များ ပုံမှန်အခြေအနေသို့ရောက်ရှိနိုင်ခြင်းမရှိသေးကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ အပေါ်မှီခိုနေရဆဲဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို