နေပြည်တော်၊ ဇန်နဝါရီ ၈

 

၁၉၈၅ မှ ၁၉၈၈ ခုနှစ်အထိ နိုင်ငံတော်ကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဝမ်းသူဟာရှိန်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက် (တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်)တွင် စည်သူဘွဲ့ကို ချီးမြှင့်ခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်ခဲ့သည့် စည်သူဘွဲ့တံဆိပ်နှင့် ဂုဏ်ပြု စာလွှာတို့အား ဇေယျာသီရိမြို့နယ်ရှိ ဘုရင့်နောင်ရိပ်သာ၌ ယနေ့နံနက် (၈) နာရီတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က ဦးဝမ်းသူဟာရှိန်း၏ မိသားစုဝင်ဖြစ်သူ ဦးမေအောင်လိန်းထံ လက်ရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်