မဘိမ်း ဇန်နဝါရီ  ၉        

      

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မဘိမ်းမြို့၌ ကလေးတိုင်းကျန်းမာပျော်ရွှင်စွာ ကြီးထွားလာစေရန်အတွက် မွေးကင်းစမှအသက်(၅)နှစ်အထိ ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၌ ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။ 

 

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မဘိမ်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံကြမည့် ကလေးငယ်များအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး ကလေးငယ်များအား အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်ဆေး၊ ဆုံဆို့ကြက်ညှာ၊ အသည်းရောင်အသားဝါ၊ နမိုးနီးယားကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့်ထိုးဆေး၊ ပြင်းထန်ဝမ်းရောဂါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

မျိုးမင်း (ပြန်/ဆက်)