ကျွန်းလှ ဇန်နဝါရီ ၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရန်အတွက် ယနေ့နံနက်က အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်း စတင်ဆောင်ရွက်ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) ၁၅ ဖွဲ့ဖြင့် ရပ်ကွက် (၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၆) အုပ်စုအား ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်နေ့အထိ ကွင်းဆင်းကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူနေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။

 

မျိုးဝင်းညို(ကျွန်းလှ)