ကန့်ဘလူ ဇန်နဝါရီ ၉

 

စစ်ကိုင်းတိုင်းသေကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group)များမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစပ်းသပ် ကောက်ယူခြင်းကို ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းမှ စတင်ကာ အမှတ်(၂)ရပ်ကွက်အတွင်း စမ်းသပ်ကောက်ယူလျက်ရှိရာ အဆိုပါစမ်းသပ်ကောက်ယူခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ကန့်ဘလူမြို့နယ်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group)များမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူမှုများကို မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်( ၂)ရပ်ကွက်၌ စာရင်းကောက်ယူရေးအဖွဲ့ တစ်ဖွဲ့လျှင် ( ၅)ဦးဖြင့် အိမ်ထောင်စုလူဦးရေစာရင်းများ စမ်းသပ်ကောက်ယူခြင်းဖြသ်သည်။

 

ကန့်ဘလူမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူမှုများကို ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ အဖွဲ့( ၄၈)ဖွဲ့ဖြင့် စာရင်းကောက်ယူမည်ဖြစ်ကာ ကောက်ကွက်တစ်ဖွဲ့လျှင် အဖွဲ့ဝင်(၅)ဦးနှုန်းဖြင့် မြို့ပေါ် (၅)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၁၄)အုပ်စု၌ ကောက်ယူမည်ဖြစ်ပြီး ကွင်းဆင်းကောက်ယူရေးအဖွဲ့များအနေဖြင့် မှန်ကန်မြန်ဆန်စွာ ကောက်ယူနိုင်ရေး သင်တန်းများဖွင့်လှစ်ပို့ချထားပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်မော်ထံမှ သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)