ဇန်နဝါရီ ၉
ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၁၂၄ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုသတင်းထုတ်ပြန်ထားသည်။
အဆိုပါရောဂါကူးစက်မှုသည် ပြီးခဲ့သည့်သီတင်းပတ်ကထက် ၅၉၃၈ ဦး ပိုမိုကူးစက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုရောဂါနေ့စဉ်ကူးစက်မှု ပိုမိုမြင့်တက်လာသည်မှာ လေးရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း သိရသည်။
မြို့တော်တွင် ယင်းရောဂါကူးစက်ခံရမှုကြောင့် သေဆုံးဦးရေ ၃၀ ရှိကြောင်း ထိုဝန်ကြီးဌာနက ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းတွင် ယမန်နေ့က ရောဂါကူးစက်ခံရသူ ၁၉၀၅၃၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယင်းရောဂါဖြင့် ၄၀၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို