နေပြည်တော် ဇန်နဝါရီ ၉

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ “စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁ /၂၀၂၃) ကို ယနေ့မွန်းလွဲ  ၁ နာရီတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ကွပ်ကဲမှုအောက်ရှိ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် တက္ကသိုလ်များအလိုက် ပြီးခဲ့သည့်ကာလ အကောင်အထည်ဖော်ရန်လျာထား လုပ်ငန်းစီမံကိန်းများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လုပ်ငန်းတာဝန်များ သတ်မှတ်ကာလအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ လာမည့် ကာလတွင် ရှေ့ဆက်လက် ဆောင်ရွက်မည့် လျာထားလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ ဖြစ်သည့် ဦးစစ်အေး၊ ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီနှင့် ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များမှ ပါမောက္ခချုပ်များက ၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု နှင့် ၂၀၂၃ ခုနှစ်တွင်  ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တင်ပြချက်များနှင့် စပ်လျဉ်း၍ မှာကြား ပြန်လည် သုံးသပ်ခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်