တိုကျို၊ ဇန်နဝါရီ ၉

 

ဂျပန်ဝန်ကြီးချုပ် ကီရှီးဒါး  ဖူမီယိုသည်  ဂျီ-၇ ငါးနိုင်ငံ ခရီးစဉ်ကို စတင်ခဲ့သည်။ ကီရှီးဒါးသည်  ပြင်သစ်၊  အီတလီ၊ ဗြိတိန်၊ ကနေဒါနှင့်  အမေရိကန် ပြည်ထောင်စု ခရီးစဉ်များကို  သွားရောက်လျက်ရှိသည်။

 

မေလတွင် ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် ဂျီ-၇ အစည်းအဝေးမတိုင်မီ ကီရှီးဒါးသည် ဂျီ-၇ အဖွဲ့ဝင် ငါးနိုင်ငံမှ ခေါင်းဆောင်တစ်ဦးချင်းစီနှင့် တွေ့ဆုံသွားမည် ဖြစ်သည်။

 

ကီရှီးဒါးသည် ပြင်သစ်သို့ တနင်္လာနေ့က ရောက်ရှိခဲ့သည်။ ယင်းနေ့ညပိုင်းတွင် ပြင်သစ်သမ္မတ အန်မန်နျူရယ် မက်ခရွန်နှင့် တွေ့ဆုံခဲ့သည်။

 

ကီရှီးဒါးက ဟီရိုရှီးမား၌ ကျင်းပမည့် ဂျီ - ၇ အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရန် မက်ခရွန်ကို အကူအညီပေးရန် တောင်းဆိုခဲ့သည်။

 

နှစ်နိုင်ငံ ခေါင်းဆောင်များသည် ကမ္ဘာ့စိန်ခေါ်မှုများကို မည်သို့မည်ပုံ တုံ့ပြန်သွားမည် ဆိုသည့်အပေါ် အမြင်ချင်းဖလှယ်ခဲ့သည်။

 

အင်န်အိတ်ချ်ကေ