ဟနွိုင်း၊ ဇန်နဝါရီ ၉

 

ပွဲလမ်းသဘင်  အများအပြား  ကျင်းပနိုင်ခြေရှိသည့် တရုတ်နှစ်သစ်ကူး နီးကပ်လာချိန်တွင် နိုင်ငံအတွင်း  ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်လုပ်ဆောင်ရန် ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင်က တိုက်တွန်းပြောကြားလိုက်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဇန်နဝါရီ ၉ ရက်က ပြောကြားသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်နိုင်ပြီ ဆိုသော်လည်း XBB အပါအဝင် မျိုးကွဲသစ်များ ထပ်မံဖြစ်ပေါ်လျက်ရှိကြောင်း ဗီယက်နမ် ဝန်ကြီးချုပ်က ဇန်နဝါရီ ၈ ရက်က ပြောကြားသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကို အနီးကပ်စောင့်ကြည့်ရန် ကျန်းမာရေးဝန်ကြီးဌာနကို ဝန်ကြီးချုပ်က တိုက်တွန်းထားသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် လိုအပ်သောအချိန်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ညှိနှိုင်းလုပ်ဆောင်ရန် သက်ဆိုင်ရာ၊ ပြည်တွင်းနှင့် နိုင်ငံတကာ ကျွမ်းကျင်သူများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

 

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်နေစဉ် တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားခြင်းကို ခြေရာခံကိုင်တွယ် ဖြေရှင်းနိုင်ရန်နှင့် လူမှုအသိုင်းအဝိုင်းအတွင်း ကိုဗစ်-၁၉ ကူးစက် ပြန့်ပွားခြင်းကို ကာကွယ်ရန်၊ ဆေးရုံတက် ရောက်ကုသသူဦးရေ အနည်းဆုံးဖြစ်စေရန်နှင့် သေဆုံးသူဦးရေ အနည်းဆုံးဖြစ်စေရန် ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ