ကင်ဘာရာ၊ ဇန်နဝါရီ  ၁၀

 

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်က အနောက်ပိုင်းသြစတြေးလျရှိ ရေဘေးသင့်ဒုက္ခသည် များအတွက် ဖက်ဒရယ် (အစိုးရ) အထောက်အပံ့ကို ကြေညာခဲ့သည်။

 

ဝန်ကြီးချုပ် အယ်လ်ဘာနီးစ် သည်    ဇန်နဝါရီ   ၉  ရက် က    မမျှော်လင့်ဘဲ ရေဘေးသင့်ခဲ့သည့် အနောက်ပိုင်း သြစတြေးလျေ ပြည်နယ်တစ်ခုဖြစ်သည့် ကင်ဘာလေပြည်နယ်သို့ ပြည်နယ်ဝန်ကြီးချုပ် မာ့ခ်မက်ဂိုဝန်နှင့် သွားရောက်ကြည့်ရှုခဲ့သည်။

 

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း အယ်လီဝင်ရောက်ခဲ့သောကြောင့် ဒီဇင်ဘာ ၃၀ ရက် ကတည်းက အဆိုပါပြည်နယ်ရှိ ဒေသ အတော်များများတွင် မိုးရေချိန် ၅၀၀ လက်မအထိ ရောက်ရှိခဲ့သည်။  အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဖစ်ဇိုရီမြစ် ရေကြီးရေလျှံခဲ့သည်။  ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် လမ်းများရေနစ်မြုပ်ခဲ့ရာ ဒေသခံများကို လေကြောင်းဖြင့် ကယ်တင်ခဲ့ရသည်။

 

ရေဘေးသင့်ခဲ့သော ဒေသခံများကို ၎င်းတို့၏ အိမ်များကို ပြန်လည်ပြင်ဆင်ခွင့်နှင့် ပျက်စီးသွားသော ကုန်စည်များအစား ကုန်စည်အသစ်များ ပြန်ဝယ်ခွင့်ကိုအစိုးရနှင့် ပြည်နယ်သဘာဝဘေး ပြန်လည်ထူထောင်ရေး ရန်ပုံငွေမှ ခွင့်ပြုသွားမည်ဖြစ်သည်။

 

ဆင်ဟွာ