ဘရာဆီးလီးယား၊ ဇန်နဝါရီ ၉
သမ္မတဟောင်း ဂျေးဘော်လ်ဆွန် နာရိုအား ထောက်ခံသူများက ဇန်နဝါရီ ၈ ရက်တွင် နိုင်ငံ၏ လွှတ်တော်၊ သမ္မတအိမ်တော်နှင့် တရားရုံးချုပ်တို့သို့ ဝင်ရောက်ကျူးကျော်စီးနင်းမှုအား ဘရာဇီးသမ္မတ လူးဝစ်အင်ယာစီယို လူလာဒါဆီးလ်ဗားက ပြစ်တင်ရှုတ်ချလိုက်သည်။
အရေးယူမည်
ထိုကဲ့သို့ ကျူးလွန်သူများကိုလည်း ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လွှတ်တော်ကို ပြန်လည်ရယူနိုင်
ဘရာဇီး လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်သူများထံမှ လွှတ်တော်ကို ပြန်လည်ရယူနိုင်ခဲ့ပြီး တရားရုံးချုပ် နှင့် သမ္မတအိမ်တော်ကိုလည်း ပြန်လည်ရယူနိုင်ရေးအတွက် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ဆင်ဟွာ