တိုကျို၊ ဇန်နဝါရီ ၉
ဂျပန်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၃၃၆ ဦးသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၆၀၁၅၈ ဦးရှိကြောင်း သိရသည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူ ၉၅၃၀၈ ဦးရှိရာ လက်ရှိအချိန်အထိ ရောဂါကူးစက်ခံရသူပေါင်း ၃၀၅၆၈၈၇၇ ဦးရှိကြောင်း သိရသည်။
လက်ရှိတွင် ရောဂါပြင်းထန်စွာခံစားနေရပြီး အသက်ရှူအထောက်အကူပြု ကိရိယာများ တပ်ဆင်ထားသူ ၆၄၈ ဦး ရှိသည်။
ရောဂါထပ်မံကူးစက်ခံရသူများအနက် ၈၁၉၉ ဦး သည် မြို့တော်တိုကျိုမှဖြစ်ပြီး သေဆုံးသူ ၂၈ ဦး ရှိသည်။
အဆိုပါအရေအတွက်သည် မြို့တော်တိုကျို၌ လွန်ခဲ့သော ရက်သတ္တပတ်က နေ့စဉ်ကူးစက်ခံရသူ အရေအတွက်ထက် ၆၆၂ ဦး ပိုမိုများပြားလာကြောင်း သိရသည်။
ကိုးကား- အင်န်အိတ်ချ်ကေ၊
ဘာသာပြန်- အောင်ကျော်ကျော်