ရွှေသောင်ယံ  ဇန်နဝါရီ  ၁၀

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း (Working Group) မြေပြင်ကွင်းဆင်းကောက်ယူခြင်းများကို ဇန်နဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ စာရင်းကောက်ယူလျက်ရှိသည်။

 

ထိုသို့မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များမှ စာရင်းကောက်ယူရာတွင် မှားယွင်းမှုမရှိစေရေးလိုက်လံကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

အဆိုပါအိမ်ထောင်စုလူဦးရေစာရင်းများကို ဇန်နဝါရီလ(၉)ရက်မှစတင်ပြီး ရက်ပေါင်း(၂၀) ကြာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများမှ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရွှေသောင်ယံ(ပြန်/ဆက်)