နေပြည်တော် ဇန်နဝါရီ ၁၀

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ  ယမန်နေ့က မန္တလေး - လားရှိုး - ဗန်းမော် - မြစ်ကြီးနားလမ်းပေါ်ရှိ  အရှည် (၃၂၁၂) ပေ ဗလမင်းထင်တံတား အမှတ်(၂) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ တံတားတည်ဆောက်ရေး ရှင်းလင်းဆောင်တွင် တာဝန်ခံအင်ဂျင်နီယာက တံတားတည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ တံတားဆိုင်ရာ အချက်အလက်များနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းတွင် အရေးပါသည့် ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတားအမှတ်(၂)ကို ပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရန် တံတားသစ်ကို တည်ဆောက်ပေးခြင်းဖြစ်ပါ ကြောင်း ၊ တံတားတည်ဆောက်နေစဉ် ရေလမ်းကြောင်း ပြောင်းလဲမှုမရှိစေရေး သက်ဆိုင်ရာအဖွဲ့ များဖြင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်း ၊ တံတားချဉ်းကပ်လမ်း မြေကြီးလုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း ၊ တံတားတည် ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေးနှင့် သက်မှတ်ချိန်အတွင်း ပြီးစီးရေး ကြိုးစားဆောင်ရွက်ရန်တို့ကို မှာကြားပြီး တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။

ယခုတည်ဆောက်နေသော ဗလမင်းထင်တံတားအမှတ်(၂)သည် နိုင်ငံ၏ အသက်သွေးကြော မြစ်ဧရာ စတင်ဖြစ်ပေါ်ရာ မြန်မာပြည် မြောက်ဖျားပိုင်းရှိ သွေးချင်းတိုင်းရင်းသားတို့ နေထိုင်ရာ   ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး နိုင်ငံ၏စီးပွားရေးတွင် အချက် အခြာကျသည့် တရုတ်နိုင်ငံ ၊ အိန္ဒိယနိုင်ငံတို့နှင့် ထိစပ်သည့် ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသည့်အတွက် များစွာအကျိုးကျေးဇူးရရှိမည် ဖြစ်သည်။

ဗလမင်းထင်တံတားအမှတ်(၂)သည် ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင် ၊ မြစ်ကြီးနားမြို့နယ်တွင် တည်ရှိပြီး တံတားအမျိုးအစားမှာ Steel Box Girder and RCC Slab တံတား အမျိုးအစားဖြစ်ပြီး တံတားအရှည် (၃၂၁၂)ပေ ၊ ယာဉ်သွားလမ်းအကျယ်(၂၇)ပေ (၁၀)လက်မ ၊ လူသွားလမ်းတစ်ဖက်လျင်(၃)ပေ (၄)လက်မ ပါရှိပြီး တံတားအောက်ရေလမ်းကင်းလွတ်အကျယ် ပေ (၃၅၀) ၊ အမြင့် (၂၆) ပေ  (၃) လက်မ  ရှိကာ  ယာဉ်တစ်စီးချင်းခွင့်ပြု  အလေးချိန်မှာ  (၇၅)တန် ဖြစ် သည်။ ယခုအခါ တံတားတစ်စင်းလုံး (၂၀ ရာခိုင်နှုန်း) ပြီးစီးနေပြီး သတ်မှတ်ကာလအတွင်း ပြီးစီး ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင် ၊ လမ်းဦးစီးဌာနမှ အရှည် (၈)မိုင် (၃)ဖာလုံ နန်ပေါင်လေယာဉ်ကွင်း ရှောင်ကွင်းလမ်းဖောက်လုပ်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

နန်ပေါင်လေယာဉ်ကွင်း ရှောင်ကွင်းလမ်းသည် ရွှေဘို - မြစ်ကြီးနားလမ်းဘေးရှိ နန်ပေါင် လေယာဉ်ကွင်းအား ရှောင်ကွင်းသွားလာနိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ၊ ယခုနှစ်တွင် (၆)မိုင် (၃)ဖာလုံအရှည်၊ (၂၄)ပေအကျယ် ကွန်ကရစ်လမ်းခင်းမည်ဖြစ်ပြီး ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ရှိ လမ်းဦးစီး ဌာနရုံးတွင် အဆောက်အဦ ၊ လမ်း ၊ တံတား ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကချင်ပြည် နယ်ရှိ မြစ်ကြီးနားခရိုင် ၊ မိုးညှင်းခရိုင် ၊ ဗန်းမော်ခရိုင် ၊ ပူတာအိုခရိုင် ၊ ချီဖွေခရိုင် ၊ တနိုင်းခရိုင်တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လုပ်ငန်းလမ်းညွှန်မှာကြားသည်။

တွေ့ဆုံပွဲတွင် ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော အဆောက်အဦ ၊ လမ်း ၊ တံတား ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့်  ခရိုင် / အထူးအဖွဲ့တို့မှ ညွှန်ကြားရေးမှူး (မြို့ ပြ) များက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မိမိပြည်နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း ၊ တံတား ၊ မြို့ပြအိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ကြိုးစားဆောင် ရွက်စေလိုကြောင်း ၊ လုပ်ငန်းအခက်အခဲ ၊ ကိုယ်ရေးကိုယ်တာ အခက်အခဲများရှိပါက မိသားစုစိတ် ဓါတ်ထားရှိကာ ပွင့်ပွင့်လင်းလင်း အချိန်မရွေး တင်ပြနိုင်ပါကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်