ဇန်နဝါရီ ၁၂
အင်ဒိုနီးရှားနိုင်ငံ ဆုမတ်တြားကျွန်းတွင် ယမန်နေ့မနက် ၅ နာရီ ၄၆ မိနစ်က မီးခိုးပြာမှုန့်များ လေထုအတွင်း မီတာ ၉၀၀ အထက်ပျံ့နှံ့ခဲ့သည်ဟု သိရသည်။
ငလျင်တိုင်းတာမှုမှတ်တမ်းအရ ထိုမီးတောင်ပေါက်ကွဲမှုသည် ၈ မိနစ်နှင့် စက္ကန့် ၂၀ ကြာမြင့်ရာ ယင်းမီးတောင်မှ မီးခိုးပြာမှုန့်များသည် အရှေ့ဘက်နှင့်အရှေ့မြောက်ဘက်သို့ ပျံ့လွင့်သွားကြောင်း ကီရင်စီမီးတောင်စောင့်ကြည့် လေ့လာသူ တစ်ဦးဖြစ်သူ အီဝန်ဆာဖ်ဝန်က ပြောကြားသည်။
အဆိုပါမီးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၈၀၅ တွင်တည်ရှိပြီး ဒုတိယအန္တရာယ်အဆင့်ရှိသော မီးတောင်ဖြစ်သည်ဟု ဆာဖ်ဝန်၏ပြောကြားချက်အရ သိရသည်။
ထိုမီးတောင်မှထွက်သောပြာမှုန့်များဘေးမှကာကွယ်ရန် ပြည်သူများအနေဖြင့် ပါးစပ်၊ နှာခေါင်းစည်းများတပ်ဆင်ကြရန်နှင့် ဘေးကင်းရာသို့အချိန်မရွေးထွက်ခွာနိုင်ရေးအတွက်လည်းကြိုတင်ပြင်ဆင်ကြရန် ပြည်သူများအား တိုက်တွန်း ပြောကြားထားသည်။
ဂျန်ဘီပြည်နယ်အစိုးရသည် လတ်တလောတွင် ကီရင်စီဆီဘတ်အမျိုးသားဉယျာဉ်ကိုဖြတ်သွားသော ဘေးကင်းရေး လမ်းကြောင်းတစ်ခုကို ပြုလုပ်လျက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို