ဇန်နဝါရီ ၁၃

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၅၄၇၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ဇန်နဝါရီ ၇ ရက်က ထိုရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၄၆၃ ဦး ရှိသည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် ယမန်နေ့က ၎င်းရောဂါကူးစက်မှုနှင့်ဆက်စပ်သေဆုံးသူ ၄၈၉ ဦးရှိရာ ရောဂါကူးစက်မှု စတင်ဖြစ်ပွားပြီးနောက်ပိုင်း သေဆုံးမှုအများဆုံးနေ့တစ်နေ့ ဖြစ်လာခဲ့သည်။

ဖူကူအိုကာခရိုင်တွင် ယမန်နေ့က ယင်းရောဂါဖြင့် သေဆုံးသူ ၄၅ ဦးရှိပြီး အိုဆာကာတွင် ၃၁ ဦးနှင့် တိုကျိုတွင် ၂၉ ဦးတို့သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ငံအတွင်း ရောဂါကူးစက်မှုအခြေအနေပြင်းထန်သူ ၆၉၇ ဦးရှိသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို