နေပြည်တော် ၁၂ ဖေဖော်ဝါရီ 

 

မင်းလှမြို့နယ်၊ ပရဆိုင်ကျေးရွာ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာတွင် ယမန်နေ့က တရားမဝင် ဝင်ရောက်လာသည့် မသင်္ကာဖွယ်ရာ လူ(၁၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

မင်းလှမြို့နယ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ နယ်မြေလုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ပရဆိုင်ကျေးရွာ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာ ဝါးရုံတောအတွင်း၌ မသင်္ကာဖွယ်လူစိမ်းများ ရောက်ရှိနေကြောင်း သတင်းအရရှာဖွေရာ နိုဘီဟူဆွန်း (၃၅)နှစ် (ဖ)ဂူလာဟူ ဆွန်းတောင်ထောင် ဟာယာကျေးရွာ ကျောက်တော်မြို့နယ်နေသူပါ အမျိုးသား ၁၂ ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားမဝင် ဝင်ရောက်လာသူ ၁၂ ဦးအား မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှစစ်ဆေး၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရှိရသည်။

 

MDN