ရန်ကုန် ၁၂ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှ ကြီးမှူး၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့နှင့် မြန်မာ့ကလေးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသား သွေးဌာနတွင် ယနေ့ မွန်းလွဲ (၁)နာရီက ကျင်းပရာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အမျိုးသား ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ အမျိုးသားသွေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်နွယ်နွယ်ဦးတို့က အမှာစကားပြောကြားပြီး ကင်းထောက် အစီအစဉ်မှူးချုပ် ဦးအေးကြိုင်က သွေးလှူဒါန်းမည့် အကြောင်းကို ရှင်းလင်းပြောကြားသည်။
 


ထို့နောက် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာသင် တက္ကသိုလ်တို့မှ တက္ကသိုလ် ကင်းထောက်လူငယ်များနှင့် စေတနာရှင်များက စုပေါင်းသွေးလှူဒါန်းကြသည်။


 
(သတင်းစဉ်)