ဇန်နဝါရီ ၁၇

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတွင် ယမန်နေ့မနက်အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် ခြောက်ဦးသေဆုံးခဲ့ကြောင်း ဒေသန္တရမီဒီယာက ဖော်ပြထားသည်။

အဆိုပါပစ်ခတ်မှုသည် တူလာစီရင်စု ဂိုရှန်ဒေသရှိ နေအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုကြောင့်  ၁၇ နှစ်အရွယ် မိခင်တစ်ဦးနှင့် ခြောက်လသားအရွယ်ကလေးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ဖော်ပြသွားသည်။

စီရင်စုရဲအရာရှိရုံးက ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်းနှင့် အသေးစိတ် အချက်အလက်များကိုမူ ပြောကြားခြင်းမရှိကြောင်း သိရသည်။

ထိုပစ်ခတ်မှုကြောင့် ခြောက်ဦးသေဆုံးကြောင်း၊ သေဆုံးသူများအနက် ငါးဦးသည် ပစ်ခတ်ခံရသည့်နေရာမှာပင် သေဆုံးသွားခြင်းဖြစ်ကြောင်းနှင့် အခြားတစ်ဦးသည် ဆေးရုံပေါ်တွင် သေဆုံးသွားကြောင်း ဖော်ပြထားသည်။

ယင်းပစ်ခတ်မှုဖြစ်ပွားချိန်တွင် သံသယရှိသူ နှစ်ဦးထက်မနည်းရှိသည်ဟု အာဏာပိုင်များက ယူဆထားသည်။ အာဏာပိုင်များက ထိုပစ်ခတ်မှုသည် စီစဉ်ထားခြင်းမရှိသောပစ်ခတ်မှုဖြစ်ပြီး လူဆိုးဂိုဏ်းနှင့်ဆက်နွှယ်ခြင်းမရှိဟု ယူဆထားကြောင်း ထပ်လောင်းဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို